Saturday, November 7, 2009

အခြေပြုပဋ္ဌာန်းတရားတော် ...

နှစ်ရက်အချိန်ပေးပြီးလုပ်လိုက်ရတဲ့ အလုပ်တစ်ခု ဒီနေ့တော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ၊ တစ်ကယ်တော့ Internet Conneciton - အရမ်းကြီး နှေးတယ်လို့တော့ ပြောလို့ရမယ်မထင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မိမိ တင်နေတဲ့ ပဋ္ဌာန်းတရားတော်များရဲ့ File Size ကို က ကြီးနေလို့ပါ။ ရှိပြီးသား အဆင်ပြေနေတဲ့ အသံဖိုင်တွေကို မိမိချုံ့လိုက်လို့ အဆင်မပြေတာမျိုးလည်း မဖြစ်စေချင်တာနဲ့ File Size တွေကို မချုံ့လိုက်ပါဘူး။ သည့်အတွက် အချိန်ဘယ်လောက်ကြာကြာ ပြီးသည့်အထိ စောင့်တင်မယ်လို့ စိတ်ဆုံးဖြတ်ပြီးသားပါ။ ဒီနေရာမှာ မိမိရဲ့ မပြောပလောက်တဲ့ ကြိုးစားအားထုတ်မှုလေးကို မဖော်ပြလိုပါ။ အခြေပြုပဋ္ဌာန်းတရားတော် ကျမ်းစာအုပ်တွင် ဖော်ပြခဲ့သည့် "အခြေပြုပဋ္ဌာန်းအထူးနိဒါန်းပါ" ကျေးဇူးတော်ရှင် ဆရာတော်ဘုရား မိန့်ကြားတော်မူခဲ့သည့် ဆရာတော်၏ဆန္ဒတော်ကိုသာ ကောက်နှုတ်ဖြော်ပလိုပါသည်။

ပဋ္ဌာန်းတရားတော် ဖတ်ကြားနာယူသူများ ကြိုတင်သိရှိရန်
ဆရာတော်၏ ဆန္ဒတော်

ယခုစာရှုသူ ဖတ်ကြားနာယူမည့် ပဋ္ဌာန်းတရားတော်သည် စာရှုသူ၏ရှေ့သို့ ရောက်လာသည်မှာ လွယ်ကူလှ သည် မဟုတ်ပါ၊ (၁၉၆၉) ၁၃၃၁-ခုနှစ်လောက်ကပင် ပဋ္ဌာန်းတရားတော်ကို ဟောကြားချီးမြှင့်တော်မူသော တောင်မြို့ဆရာတော်ဘုရားအား ယခင်က ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်တရားတော်များကို ဟောပြောတော် မူပြီးဖြစ်၍ ပဋ္ဌာန်းတရားတော်ကို သာသနာတော်၍ စိတ်ဝင်စား ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓမြတ် စွာနှင့် သဗ္ဗညုတဉာဏ်ကို ကြည်ညိုနိုင်ရန် (ပဋ္ဌာန်းတရားတော်ကို)အချိန်ရ၍ အခွင့်သာသောအခါ ဟောကြား ပေးတော်မူပါရန် စတင်လျှောက်ထားခဲ့၍ တပည့်ဒါယကာရင်းများ ဆုံမိတိုင်းလည်း မကြာခဏ လျှောက်ထား ခဲ့ရာမှ (၁၉၇၃-ခုနှစ်၊ ဧပြီလ ၉ - ရက်) ၁၃၃၄-ခုနှစ်၊ နှောင်းတန်ခူးလ ဆန်း ၇ ရက်နေ့တိုင်မှသာ ဟောပြောပေး နိုင်ရန် အခွင့်သာခဲ့ပါသည်၊ တရားဟောသောအခါလည်း ဥတုအလွန်ပြင်းထန်၍ ပူပြင်းလှသောအချိန်တွင် နံနက်သြ၀ါဒပေးချိန် အရုဏ်ဆွမ်းဆက်ကပ်ပြီး အေးချမ်းဆဲ အချိန်တွင်မှာသာ ဟောကြားတော်မူနိုင်ခဲ့ရာ ဆရာ တော်သည် ရက်ပေါင်း ၁၇ - ရက်မျှ အလွန်ပင်ပန်းခံ တော်မူခဲ့ရပါသည်။

ထိုကဲ့သို့ အပင်ပန်းခံတော်မူလျက် ဟောကြားတော်မူခဲ့သည် ရည်ရွယ်ချက်ကို ဆရာတော်ကိုယ်တိုင် ရေးသား ထားသော အောက်ပါ မျှော်လင့်ချက်စာတမ်းကို ကြည့်ရှု၍ စာဖတ်သူများ ကြိုတင်ပြီး ဆရာတော်၏ဆန္ဒတော်ကို သိရှိထားစေလိုပါသည်။

သို့မှသာ ဆရာတော်သည် အလွန်နက်နဲ၍ လူသာမာန်တို့ သိနိုင်ခဲသော ပဋ္ဌာန်းတရားတော်ကြီးကို လူအများ သိရှိနိုင်အောင် ဘာ့ကြောင့် ဤမျှအပင်ပန်းခံ၍ ဟောသည်ကို သဘောပေါက်ကြပါလိမ့်မည်။ ဆရာတော်၏ ဆန္ဒတော်ကို အောက်တွင် သီးသန့်ဖော်ပြပေးလိုက်ပါသည်။ အပြည့်အစုံ သိရှိနိုင်ရန် အကယ်၍ အချိန်ရမည် ဆိုပါက မိမိတင်ထားပြီးဖြစ်သည့် အခြေပြုပဋ္ဌာန်းတရားတော် ကျမ်းစာအုပ်ကိုလည်း ကြည့်ရှုစေလိုပါသည်။

ဆရာတော်၏ဆန္ဒတော်


ဤမျှလောက်သော ကြိုးစားအားထုတ်မှု ဓမ္မဒါနမြတ်ပုညဖြင့် ကျေးဇူးအထူးရှိခဲ့ဖူးသည့် မိဘနှစ်ပါးနှင့် ပစ္စယာ နုဂ္ဂဟ+ဓမ္မာနုဂ္ဂဟနှစ်ဝသော ချီးမြှောက်ထောက်ပံ့ခြင်းတို့ဖြင့် ချီးမြှောက်ထောက်ပံ့ခဲ့ကြ၊ ထောက်ပံ့ဆဲဖြစ်ကြ ကုန်သော ဆရာသမား ဆွေမျိုးမိတ်တွေ ဒါယကာ + ဒါယိကာမများအား ကုသိုလ်အမျှဝေငှလိုက်ရပါသည်...။

သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ် ကမ္ဘာတည်ပါစေ…

မေတ္တာဖြင့် … ဥတ္တရ


ပဋ္ဌာန်းတရားတော်များ Download ပြုလုပ်ရန်...

ပထမနေ့
ဒုတိယနေ့
တတိယနေ့
စတုတ္ထနေ့
ပဉ္စမနေ့
ဆဋ္ဌမနေ့
သတ္တမနေ့
အဋ္ဌမနေ့
န၀မမနေ့
ဒသမနေ့
ဧကာဒသမနေ့
ဒွါဒသမနေ့
တေရသမနေ့
စုဒ္ဒသမနေ့
ပန္နရသမနေ့
သောဠသမနေ့
သတ္တရသမနေ့

0 comments:

Post a Comment

 

တက္ကသီလ သောတုဇန Copyright © 2008 Black Brown Art Template designed by Ipiet's Blogger Template