Thursday, October 22, 2009

အပူလှိုင်းဒဏ်ကို ကာကွယ်ဖို့ LAKME ကို သုံးကြစို့ ...

တစ်နေ့တုန်းက အသိသူငယ်ချင်းဥုးဇင်းတစ်ပါး ကွန်ပျူတာဝယ်စရာရှိတာနဲ့ ဘီဟာပြည်နယ်ရဲ့မြို့တော် ပတ္တနားကို ရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မိမိတို့ သွားတဲ့အချိန်က နွေရာသီမှာပါ။ အိန္ဒိယရဲ့ ရာသီဥတုက အခြားသော ပြည်နယ်တွေကို စုံအောင်မရောက်ဘူးလို့ မသိပေမယ့် မိမိတို့နေတဲ့ ဘီဟာပြည်နယ်မှာတော့ ပူတဲ့အခါ မခံနိုင်အောင်ပူပြီး အေးတဲ့အခါလည်း အတိုင်းထက်အလွန်ကို အေးပါတယ်။ အိန္ဒိယကိုရောက်မှ ထူး ထူးဆန်းဆန်း တွေ့ရတဲ့ရောဂါတစ်မျိုးက နွေရာသီလို ပူအိုက်တဲ့အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ "အပူလှိုင်းဖြတ် တဲ့ဝေဒနာ"ကို ခံစားကြရတာပါ။ အရင်ရောက်နှင့်ပြီးသား ကျောင်းသားဟောင်းတို့က ဒီဝေဒနာကို နှဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခံစားဖူးတာဆိုတော့ မဖြစ်ခင်မှာ အပူထဲကို သင်္ကန်းမပါဘဲ မသွားဖို့ အမြဲလိုလို သတိပေးခဲ့ကြပါ တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ .... အခု ပတ္တနားကို ကွန်ပျူတာလိုက်ဝယ်မပေးခင်နေ့ ညနေခင်းမှာပဲ ဝေစုကျ မျှဝေပေးလိုက်တဲ့ "အပူလှိုင်းဖြတ်ဝေဒနာ" ကို ခံစားလိုက်ရပါတယ်။ ညကျတော့ တော်တော်နဲ့ အိပ်လို့မရခဲ့ပါ ဘူး၊တအားကြီး ဆိုးဝါးတဲ့ဝေဒနာလို့ အမည်ပေးလို့မရပေမယ့် တော်တော်တော့ ခံရခက်ပါတယ်။ သိပ်မဆိုးဝါးဘူး လို့ပြောရတာက ကိုယ်ဖြစ်တာနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောလို့ပါ။ သူငယ်ချင်းတစ်ပါးဆို အပူလှိုင်းဖြတ်သွားတဲ့ နေရာ မှာ အမဲအစင်းကြောင်းကြီး ထင်ခဲ့ပြီး တော်တော့်ကို ခံခဲ့ရပါတယ်။ မိမိက သူနဲ့စာရင်တော့ တော်သေးတယ်လို့ ပြောရမှာပါ။

သြော် ဒါနဲ့ ... ပြောမယ့်စကားက လိုရင်းကို မရောက်တော့ဘူး။ မနက်ဖြန်ကို ပတ္တနားသွားရမယ့် ခရီးစဉ် ကလည်း အစောကြီးကတည်းက သူငယ်ချင်းက ကားငှားပြီးသားဖြစ်နေတော့ သူ့အစီအစဉ်ကို မဖျက်စေချင် ပါဘူး။ ဒါပေမယ့် မိမိကလည်း အလိုလိုနေရင်းကမှ ကားမူးတတ်တဲ့အကျင့်က ရှိနေ၊ နောက်ပြီး အပူလှိုင်းဖြတ် ထားတဲ့ ဝေဒနာကလည်း စပ်ဖျင်းဖျင်းနဲ့ ခံရခက်ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် မသွားချင်ပါဘူး။ နောက်ဆုံးတော့ သူငယ်ချင်းကို အားနာတာနဲ့ မြို့တော်ပတ္တနားကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ... သူဝယ်ချင်တဲ့ ကွန်ပျူတာအမျိုးအစားကို စိတ်ရှည်လက်ရှည်လိုက်ကြည့်ပြီး၊ နောက်ဆုံးစိတ်ကြိုက်တွေ့တော့မှာပဲ Dell ကုမ္ပဏီ ထုတ် Laptop ကွန်ပျူတာတစ်လုံးကို ၀ယ်ဖြစ်လိုက်ပါတယ်။ စိတ်ရှည်လက်ရှည်လိုက်ကြည့်တယ်ဆိုတာက .... ဟုတ်ပါတယ်၊ အိန္ဒိယမှာက ကိုယ့်နိုင်ငံမှာလို ဒီအမျိုးအစားကြိုက်တယ်၊ ထုတ်ပြလို့ ပြောလို့က မရတော့ - ယူမှာသေချာတဲ့ အမျိုးအစားကိုပဲ သေချာစစ်ပြီး ၀ယ်ရတဲ့စနစ်မျိုးမို့ပါ။ ဒါကလည်း တစ်နေရာနဲ့ တစ်နေရာ တူမယ်မထင်ပါဘူး။

စကားက ပြောရင်းနဲ့ ဝေ့သွားပြန်ပါပြီ။ ကွန်ပျူတာဝယ်ပေးဖို့ကိစ္စအားလုံးပြီးပြီဆိုမှပဲ ပတ္တနားကိုရောက်တိုင်း မိမိဝယ်နေကျ Super Market တစ်ခုကို သွားပြီးတော့ ၀ယ်စရာရှိတာလေးတွေ ၀ယ်ဖြစ်ခဲ့ပါတယ်။ ထွေထွေ ထူးထူးဝယ်တာမျိုးတော့ မဟုတ်ပါဘူး၊ နို့ဆီဗူးလေး၊ ပေါင်မုန့်လေးလောက်ပါ။ အဲဒီမှာပဲ ကောင်တာမှာ ထိုင်နေ တဲ့ ဆိုင်ရှင်ကုလားကြီးက မိမိကိုကြည့်ပြီး "ဘန္တေ .... လက်မောင်းမှာ...ဘာဖြစ်ထားတာလဲ"တဲ့။ ကွန်ပျူတာ ၀ယ်ပေးဖို့ကိစ္စနဲ့ ခေါင်းထဲမှာရှုတ်နေတော့ ကိုယ့်မှာ အပူလှိုင်းဖြတ်ထားတဲ့ ဝေဒနာကိုတောင် မေ့နေပါပြီ။ သူပြောတော့မှပဲ ... မနေ့ညနေက အပူလှိုင်းဖြတ်သွားလို့ လက်မောင်းက နဲနဲယောင်နေတာပါ-လို့ ဆိုင်ရှင် ကုလားကြီးကို ပြောပြတော့ - သူက LAKME - ဆိုတဲ့ Cream ဆေး တစ်မျိုးကို ထုတ်ပေးပါတယ်။ ထုတ်ပြတာမဟုတ်ပါဘူး။ မင်း ဒါကို လိမ်းကြည့်လိုက်ပါ ဆိုပြီး ဆေးဗူးကို ထုတ်ပေးတာပါ။ မိမိလည်း ကောင်း / မကောင်း မသိပေမယ့် သူပေးတဲ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ရှေ့မှာပဲ လိမ်းပြလိုက်ပါတယ်။ လိမ်းလိုက်လိုက်ခြင်းမှာပဲ အပူထဲက လာလို့လားတော့ မပြောတတ်ပါဘူး။ တော်တော့်ကို အေးသွားတဲ့ အရသာ ကို ခံစားလိုက်ရပါတယ်။ ဒါနဲ့ မိမိကလည်း ဒီဆေးဗူးက ဈေး ဘယ်လောက်လဲလို့ မေးကြည့်တော့ ရူပီး -150 ထဲပါဆိုလို့ တစ်ခါထည်း ဆေးတစ်ဗူးပါ ၀ယ်ဖြစ်လိုက်ပါတယ်။ တက္ကသိုလ်ပြန်ရောက်တော့ ... နီးစပ်ရာ သူငယ်ချင်းတစ်ပါးရဲ့ ကွန်ပျူတာကိုသွားပြီး အခုဝယ်လာတဲ့ ဆေးအကြောင်းကို သိချင်တာနဲ့ အင်တာနက်က နေ ရှာဖြစ်ခဲ့ပါတယ်။ တွေ့ပါပြီ....ဒီဇိုင်းမျိုးစုံ၊ ဆိုက်မျိုးစုံ ထုတ်ထားတဲ့ ဒီဆေးဟာ အပူဒဏ်ကို ကာကွယ်နိုင်ဖို့ အတွက် အမျိုးအစားတွေ မြောက်များစွာကို ထုတ်လုပ်ထားတာပါ။ မိမိဝယ်ခဲ့တဲ့ အမျိုးအစားက .... LAKME, Fundamentals, Sun expert, SPF 30, High protection-ပါ။ ဆေးကတော်တော့်ကို ကောင်းပါတယ်။ သုံးရက်လောက်ဆက်တိုက် လိမ်းလိုက်ရုံနဲ့ ထူးထူးခြားခြားကို သက်သာပျောက်ကင်းသွားတာပါ။

ဒီလိုနဲ့နေလာရင်းက အိန္ဒိယနိုင်ငံရဲ့ အခြားတက္ကသိုလ်တစ်ခုမှာတက်နေတဲ့ .... ဆရာလိုလည်းဟုတ်၊ မိတ်ဆွေဆိုလည်းဟုတ်တဲ့ ဆရာတော်တစ်ပါးဆီကနေ ဖုန်းဝင်လာပါတယ်။ ဟဲ့.... ကောင်လေး ငါ့ကွာ-တဲ့ ဒီမှာ အပူလှိုင်းဖြတ်ခံလိုက်ရလို့၊ အဲဒါ ဘယ်လိုလုပ်ရမလဲ-ပေါ့။ ဒါနဲ့ မိမိကလည်း ဘာရမလဲ ကိုယ်သိထားတဲ့ ဒီဆေးအကြောင်းကို တစ်ခါတည်း ပြောပြလိုက်ပါတယ်။ သူလည်း ဒီဆေးနဲ့ပဲ အဆင်ပြေသွားတယ်ထင်ပါတယ်။ နောက်ပိုင်း ဒါနဲ့ပတ်သက်ပြီး ဘာမှပြောသံမကြားတော့လို့ပါ။ အခုတော့ .... Cream - လို့ပဲပြောပြော၊ ဆေးလို့ပဲဆိုဆို မိမိတို့က သာသနာ့ဝန်ထမ်းတွေဆိုတော့ ဆေးလို့သုံးတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဒီဆေးအကြောင်းကို Post -တစ်ခုအနေနဲ့ တင်ပေးလိုက်ပါပြီ။ နောက်သွားရောက်ပြီး အသေးစိပ်လေ့လာလို့ရတဲ့ သူ့ရဲ့ Web Address ဖြစ်တဲ့ LAEME ကိုပါ တစ်ခါထည်း ချိတ်ပေးလိုက်ပါတယ်။

ကိုင်း .... အားလုံးသော မိတ်ဆွေအပေါင်းတို့ ...
မဖြစ်ခင်က ကျရောက်မလာသေးတဲ့ ဝေဒနာဆိုးအတွက် ...
"အပူလှိုင်းဒဏ်ကို ကာကွယ်ဖို့ LAKME ကို သုံးကြစို့" ပါ။


အားလုံးအတွက် .....
မေတ္တာဖြင့် .... ဥတ္တရ

[စကားချပ်။ LAKME ဆေးအကြောင်း မသိသေးသူတို့အတွက် စေတနာသက်သက်ဖြင့် ရည်ရွယ်ပြီး ဒီ Post ကို တင်ပေးလိုက်ရခြင်း ဖြစ်ပါကြောင်း။]

Wednesday, October 21, 2009

ပရိတ္တပါဠိတော် Pali + English (Version)

ဆရာတော်ဒေါက်တာသီလာနန္ဒာဘိဝံသ ဟောကြားတော်မူသည့် ပရိတ္တပါဠိ

စာဝါနားတဲ့ အဖိတ်နေ့ တစ်ရက် နံနက်ခင်းမှာ ကျောင်းဆောင်တွေမှာ တပ်ဆင်အသုံးပြုထားတဲ့ ကျောင်းတွင်း ဖုန်းလိုင်းကနေတစ်ဆင့် ဒုတိယနာယကချုပ်ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ ဆရာတော်ကနေ ဒေါ်လေးကျောင်း က ဥုးဥတ္တရ အခု အမြန်လာပါ - ဆိုတဲ့ စကားကို ဖိုးသူတော်လေးက လာပြောတော့ …. ဟိုက် …. ဒုက္ခပါပဲ၊ ဆရာတော်က အရင်ငါ့ကို မခေါ်ဘူးပါဘူး။ အင်း အကြောင်းတစ်ခုခုတော့ ရှိလို့နေမှာပါပဲလေ - လို့ စိတ်ထဲ ကနေတွေးရင်းနဲ့ပဲ ကျောင်းပေါ်ကနေ ကဗျာကယာ နေရာထိုင်တင် လက်ကန်တော့ထိုးပြီး ဆရာတော့် ကျောင်း ဆီကို သွားခဲ့ပါတယ်။

ဆရာတော့်ဆီရောက်တော့ မိမိဘာမှမလျှောက်လိုက်ရခင်မှာပဲ …. “ဥုးဥတ္တရ … အခု မလေးရှားမှာ သီတင်းသုံး နေတဲ့ တပည့်ဥုးဇင်းလေးဆီကနေတစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်သီလာနန္ဒာဘိဝံသ ကိုယ်တိုင် ပရိတ်ကြီး (၁၁) သုတ်ကို ပါဠိလိုရော၊ အင်္ဂလိပ်လိုပါ နှစ်ဘာသာနဲ့ ဟောထားတဲ့ ဒီ CD ခွေကို မနေ့ကပဲ ကျောင်းတိုက်ကို လာရောက် လေ့လာတဲ့ နိုင်ငံခြားသားကနေတစ်ဆင့် ဘုန်းကြီးဆီကို ရောက်လာတယ်။ အဲဒါ ဘုန်းကြီးလည်း မဖွင့်တတ်ဘူး၊ နောက်ပြီး ဒီ CD ခွေကို Copyလည်း ကူးထားချင်တယ်။ ဥုးဇင်းလည်း အသုံးပြုချင်ရင် ကူးထားပါ” လို့ အမိန့်ရှိပါတယ်။

အဲဒီတော့မှပဲ ဟင်း …. ကနဲ့ သက်ပျင်းချနိုင်ပါတော့တယ်။ တော်သေးတာပေါ့ …. ဆရာတော်က ငါ့ကို ခေါ်တာ ဆူမလို့-ထင်နေတာ။ အခုတော့ သိပ်မခဲရင်းတဲ့ အလုပ်တစ်ခုကိုပဲ ခိုင်းလိုက်လို့။ ဒါနဲ့ မိမိလည်း ဆရာတော်ဆီက CD ခွေကို ယူပြီး ကိုယ့်အဆောင်ကို အမြန်သွားပြီးတော့ CD ခွေကို Copy ကူးပါတော့တယ်။ ဖြစ်ချင်တော့ CD ခွေက Copy Protect ဖြစ်နေပြီး စက်ထဲကို ကူးထည့်လို့ အဆင်မပြေပါဘူး။ ဒါနဲ့ မိမိကလည်း ဆရာတော်က ခိုင်းထားတဲ့ အလုပ်ဆိုတော့ အဆင်မပြေဘူးလို့ လျှောက်ရမှာလည်း မ၀ံ့မရဲဖြစ်နေတာတဲ့ ပေးလိုက်တဲ့ CD ကို မိမိအတွက်တစ်ချပ်အလွတ်ထားပြီး Copy to Copy (၁၀)ချပ်ကူးပြီးတော့ သွားရောက် ကပ်လိုက်ပါတယ်။ ဆရာတော့်ဆီရောက်တော့ “ဟ … ဥုးဥတ္တရ မြန်လှချည်လား” တဲ့။ တင်ပါ့လို့ လျှောက်ပြီး CD အလွတ် (၁၀) ချပ်ရဲ့ ကျသင့်တန်ဖိုးငွေကို ဆရာတော်က ပြန်လည်စွန့်ပေမယ့်လည်း မိမိကမယူခဲ့ပါဘူး။ တပည့်တော် လှူပါတယ်ဘုရားလို့ လျှောက်ပြီးပြန်ခဲ့ပါတယ်။

ကျောင်းပြန်ရောက်တော့ ခုနက CD ကို ဖွင့်ကြည့်မိပါတယ်။ တော်တော့်ကို သဘောကျပါတယ်။ အရင်က ဆရာတော်ဦးသီလာနန္ဒ - ရဲ့ တရားတွေကို မနာဘူးခဲ့ပါဘူး။ ရှင်းလင်းပြတ်သားတဲ့ ဆရာတော်ရဲ့ လေယူလေ သိမ်းကို နောက်ကနေ အသားလေးတိုးတိုးလိုက်ရင်းနဲ့ CD - ခွေကုန်သွားတော့မှပဲ ကုန်သွားမှန်းသိတော့တာပါ။ အထူးသဖြင့်တော့ ဆရာတော့်ရဲ့ အင်္ဂလိပ်အသံထွက်ပေါ့။

အဲဒီလိုနဲ့ မိမိအိန္ဒိယကိုထွက်လာတော့ ပရိတ်တရားတော်ကို ပြန်နာချင်လာပါတယ်။ "ဘုရားမရှိခိုးတတ်တဲ့သူကို ပင်လယ်ပြင်ကို လွှတ်" ဆိုတဲ့ စကားပုံလိုပေါ့။ ဘုရားကို ရှိခိုးကန်တော့လေ့ မရှိတဲ့သူက ပင်လယ်ပြင်ရဲ့ လှိုင်းရိပ်လေးတွေကို မြင်လိုက်ရတိုင်း လက်အုပ်ချီ ချီပြီး ဘုရားကို တ-တယ်၊ ကန်တော့တယ်-တဲ့။ အခု မိမိလည်း အဲဒီလိုပါပဲ ကိုယ့်နိုင်ငံမဟုတ်တဲ့ မိဝေးဖဝေးတိုင်းတစ်ပါးမှာ ပညာသင်နေရတော့ ကိုယ့်ကို ကာကွယ်စောင့်ရှောက် ပေးနိုင်မယ့်အရာကို တွေးမိရင်းနဲ့ ပရိတ်တရားတော်ကို သတိရမိတာပါ။ ဒါပေမယ့် ဘာ CD မှာ ကိုယ်နဲ့ အတူပါမလာပါဘူး။ အကြောင်းအားလျှော်စွာ အိန္ဒိယနိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်ကို မိမိက ရယူသုံးဆောင်နိုင်လိုက်ပါတယ်။

အဲဒါက … ဆရာတော်ရဲ့ ပရိတ်ကြီး (၁၁) သုတ
်လုံးကို Mobile ဖုန်းထဲကနေတစ်ဆင့် Internet Connection ကို အသုံးပြုပြီး DOWNLOAD ချလိုက်နိုင်တာပါ။ Pali Subject နဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေကို မျှဝေပေး လိုတဲ့ ဆန္ဒဖြစ်လာတာနဲ့ မိမိဘလော့ဂ်ပေါ် တင်မယ်လို့ စိတ်ကူးပြီး အင်တာနက်ပေါ်မှာလိုက်ရှာတော့ Link လွယ်လွယ်ကူကူ ရှာမတွေ့တော့ပါဘူး။ တွေ့တဲ့နေရာတွေကလည်း DOWNLOAD - ဆွဲလို့ အဆင်မပြေတာနဲ့ Mmobile Phone နဲ့ DOWNLOAD ချထားစဉ်က မှတ်တမ်း CD ကိုပဲ ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်။ တင်ပေးတယ်ဆိုရာမှာလည်း ဒီမှာ ကိုယ်သုံးနေတဲ့ အင်တာနက် CONNECTION က မကောင်းတော့ တော်တော်ကို စိတ်ရှည်ရှည်နဲ့ တင်ယူရပါတယ်။ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုလို အားလုံး အဆင်ပြေပြေတင်နိုင်လိုက်ပြီး ဓမ္မဒါနပြုလုပ်ခွင့်ရတာကိုပဲ စိတ်ထဲကတွေးရင်း မောသမျှတွေလည်း အဟောဝတ ဖြစ်ကုန်ပါပြီ။ ဆရာတော်ရဲ့တရားတော်ကို နာယူနိုင်ခွင့်ရအောင် လမ်းညွှန် ပေးတော်မူခဲ့တဲ့ (ယခင်ဒုတိယ နာယကချုပ်) ယခုနာယချုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ - အားလည်း ယခုတင် လိုက်တဲ့ ဒီ Post - လေးနဲ့ ပူဇော်လိုက်ပါတယ်။

အရင်တစ်ခါက မိမိဘလော့ဂ်ပေါ်မှာပဲ ဆရာတော်
ရဲ့ မေတ္တသုတ်ပရိတ်ကို တင်ပေးခဲ့ဖူးပါတယ်။ အခုဟာက တော့ အစ အဆုံးပါ။ ပါဠိစာပေမှာရော၊ အင်္ဂလိပ်ဘာသန္တရစာပေဘက်မှာပါ တစ်ဘက်ကမ်းခတ် မွေနှောက် ချောက်ချားနိုင်တဲ့ ဆရာတော်ရဲ့ပညာဉာဏ်ကိုအာရုံပြုပြီး ကြည်လင်ပြတ်သားတဲ့အသံတော်ကို နာယူကြည်ညို ကာ သဒ္ဓါတရားတွေ တိုးပွားနိုင်ကြစေဖို့ ဆုမွန်ဆန္ဒ ပြုလိုက်ရပါတယ်။

အားလုံး လိုရာပန်းတိုင် လျှောက်လှမ်းနိုင်ကြပါစေ….

မေတ္တာဖြင့် …. ဥတ္တရ

အောက်ပါ link များကတစ်ဆင့် Download - ပြုလုပ်ရန်။

မိတ်ဆက်စကား
ပရိတ္တနိဒါန်း
မင်္ဂလသုတ်
ရတနသုတ်
မေတ္တသုတ်
ခန္ဓသုတ်
မောရသုတ်
ဝဋ္ဋသုတ်
ဓဇဂ္ဂသုတ်
အာဋာနာဋိယသုတ်
အဂုင်္လိမာလသုတ်
ဗောဇ္ဈင်္ဂသုတ်
ပုဗ္ဗဏှသုတ်

Sunday, October 11, 2009

Pali And Buddhism

Pali is the original language in which the Buddha spoke and all the Buddhist scriptures were written. The serious student of Buddhism is undoubtedly to derive more advantage from a knowledge of Pali than from the knowledge of any other language. In the first place he thereby gains access to the vast stores of a noble literature. The advantage of being able to read the original Buddhist scriptures called Tipitakas or three baskets of the canon, which have been estimated by some English translators of them to be eleven times the size of the Christian Bible, and the commentaries on them is incalculable.

It is true that most of the Buddhist scriptures and some of their commentaries have been translated into many Asian languages and also some European languages, and that those translations were honest attempts to get at the truth. Unfortunately, however, some of them are totally incorrect and misleading, or, at the very least, ambiguous. The English rendering, for example, of the Pali words, sati (mindfulness) by insight, understanding or reason: nama-rupa (mind and matter) by image and ideal; sankhara (kamma-formations, 50 mental properties or conditioned things) by tendencies or conceptions and Nibbana (extinction of greed) by annihilation or nothingness, are some of the worst interpretations by Western scholars. The Italian proverb that translators are traitors, is worth remembering in this regard.

The readers who rely on such mistaken terms have often misunderstood the true meaning and the true nature of such fundamental principles of Buddhism as the Eightfold Path, the Four Noble Truths, the Paticcasamuppada, the Five Groups of Existence and the doctrine of Anatta, which is the essence of the whole Teaching of the Buddha. The Dhamma, therefore, should only be described by those who have not only confidence in it but also aproper knowledge of Pali, otherwise the writer is likely to miss the true nature of it which alone makes the Teaching a living thing capable of swaying the lives of men. Without this vital point his effort is bound to be not only futile but harmful to the Teaching.

Probably no religion has suffered so much in this respect as Buddhism. In the first place, Buddhism is an oriental religion which was quite unknown to Europe a hundred years ago, and its discovery was so gradual that the whole of its scriptures have not been properly translated. Of the commentaries on the scriptures, scarcely any prominent part except the Dhammapada and Dhammasangani has been translated into any European languages. Under these circumstances it is not surprising that some Western writers misrepresented Buddhism in the most grotesque manner.

Among the Western writers on Buddhism there were some who had no intention of doing justice to Buddhism but were only concerned with showing that it was a heathern religion and inferior to the existing faith of the West. There were also others who were not only friendly but had a good intention and yet often took a distorted, one sided view, for the simple reason that their knowledge of Pali and Buddhism was inadequate. As a result there have been some extraordinary mixtures of misconceptions and queer ideas, or, in some cases, of Theosophy and Hinduism that have passed for Buddhism in the West.

The English language in the world of ideas is so impregnated with the Christian view of life that it has, in many cases, no equivalent ideas to the Buddhist ones. It is therefore difficult, if not impossible, to convey Buddhist ideas through the medium of the English language which has no perfect equivalents for the words required by them. The word ‘bhikkhu’ for instance, although its Pali meaning is a very simple one, has no English equivalent that exactly conveys the meaning of it. It is often mistranslated as a beggar or priest or monk. As he does not beg in the true sense of the word he (bhikkhu) is not a beggar. Neither is he a priest, because he does not act as a meditator between God and man. Nor is he strictly a monk, since he is not bound by any vows. As a result, in the books on Buddhism in English the Western reader will come across a great number of Pali words retained for that reason.

This being the case, the serious student who genuinely wishes to gain an understanding of the profound teaching of the Buddha should be prepared to take a little trouble to acquaint himself with its essential keywords, or to acquire such working knowledge of Pali as will enable him to understand the sublime Dhamma in its true light.

Reference book: Essential Themes of Buddhist Lectures by Sayadaw U Thittila



Friday, October 9, 2009

LEARN SANSKRIT IN 30 DAYS

သက္တတ (Sanskrit) ဘာသာရပ်ကို လေ့လာနေသူတို့အတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး LEARN SANSKRIT IN 30 DAYS - ဆိုတဲ့ ဒီစာအုပ်လေးကို ပညာဒါန မျှဝေလိုက်ရပါတယ်။



စာအုပ်အပြည့်အစုံကို ဒီနေရာကနေ. . . Learn Sanskrit In 30 Days ယူပါ။

ရည်မှန်းထားသည့် ပန်းတိုင်သို့ အရောက်လျှောက်လှမ်းနိုင်ကြပါစေ...

မေတ္တာဖြင့် .... ဥတ္တရ

Sunday, October 4, 2009

သေသည်၏ အခြားမဲ့၌...

သို့/
ကိုပြည့်ဖြိုး - ထံ

အရှင်ဘုရား။ ဒီနေ့ သီရိလင်္ကာက လူတစ်ယောက်က မေးတယ်။ reincarnation ကိုကော ယုံလားတဲ့။ ယုံရင်ဒီကမ္ဘာမှာ လူတွေဘာကြောင့် တိုးပွားနေရတာလဲတဲ့။ တပည့်တော်လည်း ဘယ်လိုပြန်ဖြေရမလဲ ချက်ချင်းစဉ်းစားလို့ မရတာနဲ့ သူ့နိုင်ငံက သံဃာတော်တွေကိုပဲ ပြန်မေးကြည့်လို့ ဖြေလိုက်တယ်။ အဲဒါ ဘယ်ကျမ်းစာကို ဖတ်ရမလဲဘုရား။

ကိုပြည့်ဖြိုး ပို့လိုက်တဲ့ Message - ကို လက်ခံရရှိပါတယ်။ ရုတ်တရက်ဆိုတော့ စာကြည့်ဖို့ရာ စာအုပ် က အခက်အခဲဖြစ်နေတာနဲ့ စာပြန်နောက်ကျသွားတာပါ။

ဟုတ်ပါတယ်….ဥုးဇင်း စာသင်သားဘ၀ မိခင်မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်တုန်းက လူသေလူဖြစ် - စာအုပ်ဖတ်နေတာကို ဆရာဘုန်းကြီးကတွေ့သွားတော့ - “စာအုပ်မဖတ်ခင် သရဏဂုံသုံးပါးကိုတော့ နှလုံးသွင်း ထားပါ” လို့ သြ၀ါဒပေးခဲ့ဘူးပါတယ်။ တကယ်ဖတ် ကြည့်တော့ ဟုတ်လည်းဟုတ်ပါတယ်။ တော်ရုံသဒ္ဓါတရား ဓာတ်ခံ¬လောက်နဲ့သာဆိုရင် သူ့အပြောထဲမှာ မျှောသွားမှာပါ၊ သူပြောသလို သတ္တ၀ါတွေအားလုံးဟာ ဒီဘ၀ကနေ သေပြီးသွားရင် နောက်ဘ၀မှာ လူပြန်ဖြစ်ရမလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လောကယုတ္တိကျတဲ့ မကျည်းပင်ကနေ တမာပင် ဖြစ်ရိုးထုံးစံမရှိ၊ ရွှေပျက်လျှင် မြေထွက်နွယ်အ၀င်ပေမို့ တကယ်ပင် ရွှေပြန်ဖြစ်တယ် လောကစံထုံး - ဆိုတဲ့ ဥပမာတွေပေးပြီးတော့ ပြောထားတာကိုး။ မြတ်ဗုဒ္ဓရဲ့စာပေမှာ လူ့ဘ၀ကနေ သေသွား လို့ လူပြန်ဖြစ်ခွင့်ရှိတယ်၊ နောက်တမလွန်ဘ၀ရှိတယ်ဆိုပေမယ့် လူ့ဘ၀ တစ်မျိုးတည်းကိုပဲ ဖြစ်ခွင့်ရှိတာတော့ မဟုတ်ပါဘူး ကိုပြည့်ဖြိုး။

သိမ်မွေ့နူးညံ့တဲ့ စိတ်ထားရှိသူ၊ သနားကြင်နာတတ်သူတွေဟာ နတ်ဘုံနတ်ဘ၀တွေနှင့် ချမ်းသာပျော်ရွှင်မှု တွေကို ခံစားခွင့်ရှိတဲ့ လူ့ဘ၀မှာဖြစ်ဖို့ အလားအလာရှိပါတယ်။ စိုးရိမ်ကြောင့်ကြမှု ကြီးသူတွေ၊ စိတ်ထဲ မသက်မသာနှင့် ပူဆွေးဝမ်းနည်းပြီး မကျေမချမ်းနိုင်သူတွေ၊ ဒါမှမဟုတ် ရက်စက်လွန်းတဲ့ စိတ်ထားစရိုက်ရှိသူ တွေကတော့ ငရဲဘ၀နှင့် ဒုက္ခပင်လယ်ဝေရတဲ့ လူ့ဆင်းရဲဘ၀မျိုးကို ရတတ်ပါတယ်။ တစ်စုံတစ်ရာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ကာမုပါဒါန်အားကြီးသူတွေ၊ ရက်စက်ယုတ်နိမ့်တဲ့ စိတ်ထားရှိသူ၊ ဘယ်တော့မှ ရောင့်ရဲ တင်းတိမ်မှုမရှိတဲ့ ဆန္ဒရာဂအားကြီးသူတွေကတော့ အချိန်နှင့်အမျှ ဆာလောင်မွတ်သိပ်နေတဲ့ ပြိတ္တာဘ၀မျိုး၊ လူဖြစ်ရင်တောင်မှပဲ တောင့်တရမှုတွေ လိုချင်တာမပြည့်စုံမှုတွေနှင့် လုံးလည်လိုက်နေရတဲ့ ဘ၀မျိုးကိုပဲ ရတတ် ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက်တွေဟာ ယခုလက်ရှိဘ၀မှာ စွမ်းအားကောင်းရင်ကောင်းသလောက် လာမည့်ဘ၀မှာလည်း (အကျိုးဆက်တစ်ရပ်အနေနှင့်) ဆက်လက်ဖြစ်ပေါ်နေဦးမှာပါပဲ။ ဒါပေမယ့် လူအများစု ကတော့ လူ့အဖြစ်ကို ပြန်လည်ရရှိကြတာပဲ များပါတယ်။ ဒီနေရာမှာ - ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ၀ိနယပိဋက၊ ပါရာဇိကဏ်ပါဠိတော်လာ ဒေသနာအချို့ကို ဖော်ပြလိုပါတယ်။

ဣမေ ဝါ ပန ဘောန္တော သတ္တာ ကာယသုစရိတေန သမန္နာဂတာ ဝစီသုစရိတေန သမန္နာဂတာ မနော သုစရိတေန သမန္နာဂတာ အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောကောင်းသော အကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် ‘သုဂတိ’ ၌ဖြစ်ပေါ်ကုန်၏။ ဒါက သုဂတိဘ၀လို့ဆိုတဲ့ လူ့ပြည်၊ နတ်ပြည်ကို ရောက်နိုင်ခွင့်ရှိတဲ့ သူတွေကို ရည်ညွန်းပါတယ်။

နောက်တစ်ခါ…

ဣမေ ဝတ ဘောန္တော သတ္တာ ကာယဒုစ္စရိတေန သမန္နာဂတာ ဝစီဒုစ္စရိတေန သမန္နာဂတာ မနောဒုစ္စရိတေန သမန္နာဂတာ အရိယာနံ ဥပဝါဒကာ မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ။

‘အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရောက်ရာ ငရဲ၌ ဖြစ်ပေါ် ကုန်၏။ ဆိုပြီး လူ့ဘ၀ကနေ အခြားသော ငရဲဘ၀ မှာ ဖြစ်ရတာကို ရည်ညွှန်းတော်မူပါတယ်။

သံသရာလည်တယ်၊ နောက်ဘ၀ရှိတယ်-ဆိုတာကို လက်ခံပါလျှက်နဲ့ ကမ္ဘာမှာ လူဦးရေ ဘာဖြစ်လို့တိုးလာရတာ လဲလို့ မေးလာရင် … ဒီမေးခွန်းကို သေချာစွာနားလည်သဘောပေါက်တာနဲ့ “လူသေလူဖြစ်” ဆိုတဲ့ လွဲမှားတဲ့ အယူဝါဒကိုလည်း ပယ်စွန့်ပြီးသားဖြစ်သွားပါလိမ့်မယ် ကိုပြည့်ဖြိုး။ ဟုတ်ပါတယ်…ကမ္ဘာလောကမှာရှိနေကြတဲ့ အားလုံးသော သတ္တ၀ါတွေဟာ လူသေပြီး လူပြန်ဖြစ်နေကြတာ မဟုတ်လို့သာ ကမ္ဘာ့လူဦးရေ တိုးပွားလာနေ တာပါ။ အကယ်၍ လူသေပြီး လူ့ဘ၀တစ်ခုတည်းကိုသာ ပြန်ဖြစ်နေကြရင် ကမ္ဘာ့လူဦးရေ တိုးပွားလာစရာ အကြောင်းမရှိပါ။ ဒီတော့ အဖြေက … လူ့ဘ၀ကနေ သေပြီး လူ့ဘ၀တစ်ခုတည်းကိုပဲ ပြန်ဖြစ်နေကြတာ မဟုတ်တဲ့အတွက် အခြားသော ဘုံဘ၀၊ ဂတိ-အစရှိတဲ့ နေရာဌာနတွေကိုဆီကို ရောက်ရှိနေကြပါတယ်။ အလားတူပဲ အခြားသော ဘုံဘ၀၊ ဂတိ-အစရှိတဲ့ နေရာဌာနတွေဆီမှ သတ္တ၀ါတွေဟာလည်း သူတို့ရဲ့ ဖြည့်ဆည်းပူးထားခဲ့တဲ့ ကမ္မသတ္တိအစွမ်းတွေနဲ့ လူ့ဘုံဘ၀ကို ရောက်ရှိလာကြပါတယ်။ ဆိုလိုတာက - လူ့ဘ၀၊ နတ်ဘ၀ကနေ ငရဲ၊ တိရ စ္ဆာန်ဘ၀တွေဖြစ်နိုင်သလို၊ ငရဲ၊ တိရစ္ဆာန်ဘ၀တွေကနေလည်း လူ့ဘ၀၊ နတ်ဘ၀ တွေကို ရနိုင်၊ ဖြစ်နိုင်တယ်ဆိုတာပါ။ ဒီလိုလည်ပတ်မှု ဖြစ်စဉ်ကြီးအတွင်းမှာပဲ ကမ္ဘာမှာ လူဦးရေဟာ တိုးပွား လာနေပါတယ်။

သံသရာ - ဆိုတဲ့ အဓိပ္ပါယ်ကိုယ်က…

‘‘ခန္ဓာနဉ္စ ပဋိပါဋိ, ဓာတုအာယတနာန စ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ, ‘သံသာရော’တိ ပဝုစ္စတီ’’တိ။

သံသရာဆိုတာ ခန္ဓာ၊ အာယတန - အစရှိတဲ့ စဉ်ဆက်မပြတ် တရစပ် ထပ်ကာတလဲလဲ လည်ပတ်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခု-လို့ ဆိုပါတယ် ကိုပြည့်ဖြိုး။

ကိုပြည့်ဖြိုးကပဲ ဘယ်ကျမ်းစာတွေကို ဖတ်ရမလဲဆိုလို့ ကျေးဇူးတော်ရှင်၊ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော် - ရဲ့ “သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ” များ စာအုပ်ကို ညွှန်ပြပေးလိုက်ပါတယ်။

ဒီနေရာကနေ Download ဆွဲပါ။

အဲဒီမှာ - ဒီဘ၀မှ နောက်ဘ၀ သို့ မည်သို့ ကူးပြောင်းကာ စုတေစိတ်ကျသောအခါ စိတ်နဲ့ရုပ်တို့ နောင်ဘ၀သို့ မည်သို့ ကူးပြောင်းပါသနည်း - ဆိုတဲ့ မေးခွန်းကို ဆရာတော်ဖြေကြားထားတာပါပါတယ်။ အခြားသော ဒီအကြောင်းအရာနဲ့ ဆက်စပ်မေးခွန်းတွေ မြောက်များစွာဖြေကြားထားတာတွေပါဝင်နေလို့ ဒီစာအုပ်ကို သီးသန့်တစ်ခုစီဖော်ပြမနေတော့ပဲ ပြီးပြည့်စုံအောင်သိစေလိုတာနဲ့ ယခုလိုစာအုပ်လိုက် လမ်းညွှန်ပေးလိုက် တာပါ။ အဲဒီအတွက် ဥုးဇင်းကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုယ်ကျမ်းမာ စိတ်ချမ်းသာစွာဖြင့် လောက + ဓမ္မအကျိုးကို
သယ်ပိုးဆောင်ရွက်အောင်မြင်ပါစေ-ဟု ဆုမွန်ဆန္ဒပြုလျက်…

သတိတရ - မေတ္တာဖြင့် …. ဥုးဇင်း (ခေတ္တ - အိန္ဒိယ)

ကျမ်းကိုး။ ။ ၀ိနယပိဋက၊ ပါရာဇိကပါဠိ၊ ဝဇိရဗုဒ္ဓိဋီကာ


Saturday, October 3, 2009

သံဂါယနာ (၆) တန်နှင့် ထေရ၀ါဒသာသနာတော်

မြတ်ဗုဒ္ဓတည်ထောင်တော်မူသည့် ဓမ္မ၀ိနယသာသနာတော်ကို မြတ်ဗုဒ္ဓလွန်ပြီးသည့်နောက် နှစ်ပေါင်း (၂၅၀၀) ကျော်ခရီးဝယ် ထေရ်အဆက်ဆက်တို့ ဗုဒ္ဓမူမပျက် လက်ဆင့်ကမ်း၍ သယ်ဆောင်စောင့် ရှောက်တော်မူခဲ့ကြရာ ဤမျှကြာညောင်းသော သာသနာခရီးတွင် သံဃာအစည်းအဝေးကြီးပေါင်း (၆) ကြိမ် ကျင်းပတော်မူခဲ့ကြကာ ထပ်ဆင့်ထပ်ဆင့် အတည်ပြု ပြဌာန်းခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်။

၁။ ပဌမသံဂါယနာ

သာသနာနှစ် (၃) လ အကြာတွင် ရာဇဂြိုဟ်မြို့၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာပေါင်း (၅၀၀)တို့ဖြင့် အရှင်မဟာ ကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါထေရ်တို့က အကြီးအကဲပြုလုပ်၍ အဇာတသတ်ဘုရင်၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော်မူခဲ့ကြသည်။

၂။ ဒုတိယသံဂါယနာ

သာသနာနှစ် (၁၀၀) အကြာတွင် ဝေသာဠီမြို့၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာပေါင်း (၇၀၀) တို့ဖြင့် ပါစိနတိုင်းမှ အရှင်သဗ္ဗကာမိ၊ အရှင်သာဠ၊ အရှင်ခုဇ္ဖသောဘိတ၊ အရှင်ဝါသဘဂါမိ၊ ပါဝါတိုင်းမှ အရှင်ရေ၀တ၊ အရှင်သမ္ဘူတ၊ အရှင်ယသ၊ အရှင်သုမနထေရ်တို့က အကြီးအကဲပြုလုပ်၍ (သုသုနာဂမင်း၏သားတော်)ကာဠာသောက မဟာရာဇာ၏ ချီးမြှောက်ထောက်ပံမှုဖြင့် တင်တော်မူခဲ့ကြသည်။

၃။ တတိယသံဂါယနာ

သာသနာနှစ် (၂၃၆)တွင် ပါတလိပုတ်ပြည်၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာ (၁၀၀၀) တို့ဖြင့် အရှင်သိဂ္ဂ၀၊ အရှင်စဏ္ဍ၀ဇ္ဇီ၊ အရှင်တိဿထေရ်တို့က အကြီးအကဲပြုလုပ်၍ ဓမ္မာသောကမင်း၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။

၎။ စတုတ္ထသံဂါယနာ

သာသနာနှစ် (၄၅၀) တွင် သီရိလင်္ကာနိုင်ငံ မလယမြို့အနီး အာလောကလိုဏ်ဂူ၌ သီဟိုဠ်သံဃာတော် (၅၀၀)တို့ဖြင့် ဓမ္မရက္ခိတထေရ်အကြီးအကဲပြုလုပ်ကာ ၀ဋ္ဋဂါမဏိမင်းချီးမြှောက်ထာက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။ ဤစတုတ္ထသံဂါယနာ၏ ထူးခြားချက်မှာ နှစ်ပေါင်း (၄၅၀)ခန့် ထေရ၀ါဒရဟန်းတော် အရှင်မြတ်တို့ နှုတ်ဖြင့်သယ်ဆောင်လာခဲ့သော ပိဋကတ်သုံးပုံကို ပေရွက်ပေါ်ရေးချ၍ ရေးထိုးခဲ့ခြင်းဖြစ်သည်။

၅။ ပဉ္စမသံဂါယနာ

သာသနာတော်နှစ်(၂၄၀၀)တွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့၌ မြန်မာသံဃာတော်ပေါင်း (၂၄၀၀)တို့ဖြင့် ဘုရားကြီး ဆရာတော် ဇာဂရထေရ်ကအကြီးအကဲပြုကာ မင်းတုန်းမင်းတရား၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော် မူခဲ့ကြသည်။

ပဉ္စမသံဂါယနာ၏ ထူးခြားချက်မှာ နှစ်ပေါင်း (၂၄၀၀) ခရီး မူရင်းအတိုင်း သယ်ဆောင်လာခဲ့သော ပိဋကတ်သုံးပုံကို ကျောက်ချပ်များပေါ်၌ ရေးထိုးခဲ့ခြင်းဖြစ်သည်။ 6 x 3 ခန့်ရှိ စကျင်ကျောက်ဖြူအချပ် ပေါင်း (၇၂၀) ချပ်ပေါ်တွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယနေ့မန္တလေးတောင်ခြေတွင် ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး အနေဖြင့် တည်ရှိနေဆဲဖြစ်သည်။

၆။ ဆဋ္ဌသံဂါယနာ

သာသနာနှစ် (၂၅၀၀) တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတော်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ ထေရ၀ါဒငါးနိုင်ငံမှ သံဃာတော်ပေါင်း(၂၅၀၀)တို့ဖြင့် ညောင်ရမ်း ဆရာတော်ရေ၀တထေရ်၊ မဟာစည်ဆရာတော်သောဘဏထေရ်၊ မင်းကွန်းဓမ္မနာဒဆရာတော်ဝိစိတ္တသာရာ ဘိဝံသထေရ်တို့ အကြီးအကဲပြုကာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအမှူးပြုသော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ ချီးမြှောက်ထောက်ပံ့မှုဖြင့်တင်တော်မူခဲ့ကြသည်။

ဆဋ္ဌသံဂါယနာ၏ ထူးခြားချက်မှာ မြန်မာနိုင်ငံမှာတင်သည့် သံဂါယနာဖြစ်သော်လည်း မြန်မာသံဃာတို့ ချည်းသာ ပါဝင်သည်မဟုတ်ပေ။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ-ထေရ၀ါဒငါးနိုင်ငံတို့ တညီတညွတ်တည်း စုပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့လျှင် နှစ်ပေါင်း (၂၅၀၀) ကျော် သာသနာခရီးတွင် သုံးပုံပိဋကတ် တရားမြတ်ကို …

(၁) အပညတ္တံ န ပညပေဿာမ = ဗုဒ္ဓ မဟောခဲ့၊ မပညတ်ခဲ့သည်တို့ကို ထပ်၍မပညတ်စတမ်း။
(၂) ပညတ္တံ န သမုစ္ဆိန္ဒိဿာမ = ဗုဒ္ဓဟောထား ပညတ်ထားသည်တို့ကို မပယ်၊ မနှုတ်၊ ပြင်ဆင်မှု မလုပ်စတမ်း။
(၃) ဘဂ၀တော ပညတ္တံ သမာဒါယ ၀တ္တိဿာမ = ဘုရားဟောထား ပညတ်ထားသည်တို့ကို ဟောထားပညတ် ထားသည့်အတိုင်းသာလျှင် ထိမ်းသိမ်းစောင့်ရှောက်လိုက်နာစတမ်း-ဟူသော အရှင်မဟာ ကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါထေရ်တို့ ချခဲ့သောမူဝါဒအရ ငါးနိုင်ငံသံဃာတော်(၂၅၀၀) တို့က မူရင်းအတိုင်း သန့်သန့်ရှင်းရှင်း ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြခြင်းဖြစ်သည်။

သို့ဖြစ်ခြင်းကြောင့် -


၁။ မဟာကဿပထေရ်၏ ၀ါဒကို
၂။ ယသထေရ်ကဆက်ခံ၍
၃။ မဟာကဿပထေရ်၊ ယသထေရ်တို့၏၀ါဒကို တိဿထေရ်က ဆက်ခံ၍
၎။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်တို့၏၀ါဒကို ဓမ္မရက္ခိတထေရ်က ဆက်ခံ၍ -
၅။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်၊ ဓမ္မရက္ခတိထေရ်တို့၏၀ါဒကို ဇာဂရထေရ်က ဆက်ခံ၍-
၆။ မဟာကဿပထေရ်၊ ယသထေရ်၊ တိဿထေရ်၊ ဓမ္မရက္ခတိထေရ်၊ ဇာဂရထေရ်တို့၏၀ါဒကို ရေ၀တထေရ် (ညောင်ရမ်းဆရာတော်)တို့ကဆက်ခံ၍ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်၊ ထေရ်အဆက်ဆက်တို့ အပရိဟာနိယ မူမပျက် ထိမ်းသိမ်းစောင့်ရှောက်လာခဲ့သော ဗုဒ္ဓသာသနာတော်သည် ထေရ၀ါဒ သာသနာတော် ပင်ဖြစ်ပါသည်။

(၁၃၇၁-ခုနှစ်၊ သီတင်းကျွတ်လပြည့် - အဘိဓမ္မာအခါတော်နေ့ အမှတ်တရ)

ကိုးကား ။ ။ ထေရ၀ါဒသာသနာနိဒါန်း (သီတဂူဆရာတော်)


Thursday, October 1, 2009

The Six Councils

Three month after demise of Lord Buddha, in 543 B.C., the first great Samgha council was held at Rajagaha, the state capital of Magadha, modern Bihar of India. At this council the great disciple Mahakassapa presided over the 500 enlightened arahant monks. Upali recited the entire Vinaya, Ananda recited the entire Sutta, the eminent 3 disciples of Sariputtara recited the Abhidhamma. This council, all the disciplines of Lord Buddha decided unanimously to convene the Samgha council in order to preserve the purity of the teachings of the Buddha. They unanimously agreed that these were the pure original and real teachings of Lord Buddha. They neither substituted nor changed anything, they only maintained the Dhamma as the Buddha had taught. At this council all of the essential things were support by King Ajatasatthu of Magadha.


The second Buddhist Samgha council was held at Vesali, Bihar, India in 443 B.C. Seven hundred Mahatheras formed a committee and Venerable Yasa was elected president.

The notorious ten points of controversy were presented one bye one in the full assembly of the council which decided unanimously all of them to be illegal and immoral. After the declaration of the unanimous verdict of the assembly, the seven hundred monks engaged in the recital of the Vinaya and the Dhamma in chorus.

The monks who could not subscribe to the orthodox views convened another rival council in which ten thousand protesting monks participated. It was a great congregation of monks and they are known as Mahasamgikas as distinguished from the orthodox elder Theravadins. Thus, occurred the first schism in the Samgha which accounted for the origin of two schools: the Theravada school and the Mahasamghika School. The Mahasamghikas were the earliest to secede and were the forerunners of Mahayana Buddhism.


The third general Samga council was held at Pataliputta, modern Patana, Bihar, India, in 307 B.C. At that council, one thousand elders participated, headed by Tissa Thera, supported by the great Emperor Asoka. Then the pious King Asoka motivated the council to dispatch missionaries to nine different countries of the world for the propagation of Dhamma.


Dhammarikkhita Tera presided over the forth Buddhist council which was held at Aloka Cave, in the village of Mtale, Sri Lanka Dipa, in 93 B.C. Five hundred Maha Theras participated and pious King, Vattagamani Abhaya, supported the council. At the end of the council, the canonical texts along with commentaries were inscribed on palm leaves.


The fifth Buddhist council was held in Mandalay, Myanmar, in 1871 A.D. or 2414 years after the Buddha, under the patronage of King Mindon. Jagara Maha Thera presided over the twenty-four hundred learned monks who participated at the council. After the recitation of Tipitaka, canonical texts in Pali, recording of the entire cannon in Myanmar Pali characters on seven hundred twenty nine marble slabs continued for five months. Recording and editing were very carefully supervised by the most learned Myanmar Mahathera and the finished slabs were sheltered in shrines at the foot of the Mandalay Hills. This collection is now standing as the largest library of its nature in the modern world and if each slab were put together back-to-back, it would be the world’s largest book.


The sixth Buddhist Samgha council was held in Yangon, Myanmar in 1954 by twenty-five hundred learned monks from the five Theravada countries of the world and headed by Revata Thera. Delegations from India, Ceylon, Nepal, Combodia, Thailand, Laos, Pakistan, Tibet, Korea, China, Japan and other Asian countries participated with high honor and due respect.

The non-aggressive practical ethical and psychological system taught by the Buddha is called the Dhamma. The Dhamma never demands blind faith from its followers and it never teaches dogmatic system of belief. It never urges superstitions rites and ritual ceremonies from its followers. However, the Dhamma declares its supreme means that guides its disciples through pure living and pure thinking to the attainment of real wisdom and deliverance form all evil and misery. Such kind of teaching expounded by the Buddha is called ‘The Dhamma’.

It is popularly known as Buddhism. The Buddha has passed a way, but the sublime Dhamma still exists in its pristine purity. Although the Buddha has left no written records or His teachings, His distinguished disciples preserved them by committing to memory and transmitting them orally from generation to generation. Immediately after the demise of the Buddha, five hundred great elder disciples held a convocation to rehearse the Buddha’s teaching originally as taught by the teacher. All of the Buddha teachings are divided into three division which are called three baskets. The Tipitaka was compiled and arranged in its present form by chief Enlightened Mahatheras.

Reference book: The Great Occasion Of The Buddha By Dr. A Shin Nyanissara (Sitagu)

 

တက္ကသီလ သောတုဇန Copyright © 2008 Black Brown Art Template designed by Ipiet's Blogger Template